တစ်ဦးတည်းသော သမီးလေးကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ မေကဗျာ

သရုပ်ဆောင်မေကဗျာရဲ့ သမီးလေးဟာ လက်ရှိ ရန်ကုန်အကယ်ဒမီမှာကျောင်းတက်နေတာဖြစ်ပြီး Grade-8ကိုရောက်ရှိနေပါပြီ။ မေကဗျာကတော့ သူမကို ပညာရေးနဲ့ အတတ်ပညာပိုင်းနဲ့ပဲ ဖြတ်သန်းစေချင်တာပါ။ အခုချိန်မှာတော့ သူ့ကိုပညာသင်တာကလွဲပြီး အနုပညာနဲ့ပတ်သက်တာ ဘာအလုပ်မှလုပ်ခွင့်မပြုထားတာလည်းသိရပါတယ်။

‘အတတ်ပညာနဲ့ပတ်သက်တာတော့အကုန်သင်ပေးတယ် ရေကူးတို့ Piano တို့ ဒီဇိုင်းဆွဲတာတို့ သူအဲ့ဒါတွေဝါသနာပါတဲ့အခါကျတော့ အဲ့သင်တန်းတွေအကုန်ပေးတက်ထားတယ် အမတို့က ပန်းထိုးစက်ရုံလုပ်တော့ အဲ့စက်ရုံမှာသူပဲ ဦးစီးပြီးတော့လုပ်နေတာပေါ့နော် ဆွဲတဲ့ကိစ္စတွေက ငယ်ငယ်လေးတည်းက သူကအားကိုးနေရတယ် သူကျောင်းသွားတက်တဲ့ရက်တွေဆို အိမ်မှာ ဒီဇိုင်းသမားငှားရတယ် သူရှိရင်တော့ သူကလုပ်တာကိုး သူက ကိုယ့်အိမ်အတွက်တော့ တကယ်ကိုတန်ဖိုးရှိတဲ့အရာလေးပါ’

‘ကံတရားကိုတော့မပြောရဲဘူး ကိုယ်လည်းအိမ်ထောင်ကျမယ် မကျမယ်မသိဘဲနဲ့ကျခဲ့တယ် ကွဲမယ်မကွဲဘူးမသိဘဲနဲ့ကွဲခဲ့တယ် အဲ့တော့အမအခု စိတ်အနေအထားအရဆိုရင်တော့ အမဘဝက အမ သမီးလေးနဲ့ ခုလိုနေရတာအရမ်းစိတ်ချမ်းသာတယ် အဖော်ဆိုတာလည်း အမအတွက်မလိုအပ်ဘူး ဘာလုပ်မှာလဲ အဖော်ရှာပြီးတော့ အားကိုးဖို့လား အားကိုးဖို့ဆိုရင်တော့ အမက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အတွက်ကြောင့် အမအားကိုးရှာစရာမလိုဘူး အမသမီးနဲ့အမစိတ်ချမ်းသာနေပြီဆိုတော့အမအတွက်မလိုအပ်ဘူးထင်တာပဲ။ ဒါပေမယ့်ကံဆိုတာတော့ပြောလို့မရဘူး ဖူးစာဆိုတာလည်းပြောလို့မရဘူး ဘာတွေဖြစ်လာဦးမယ်ဆိုတာလည်းကြိုပြောလို့မရဘူး’ လို့ သူမရဲ့ ကံတရားအပေါ်ခံယူချက်ကို Popular Journal ရဲ့ အင်တာဗျူးမှာပြောပြခဲ့တာပါ။

Photos-May Ka Pyar

We Love Cele

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *