နှုတ်ခမ်းလှုပ်ရုံစကားပြောပြီး သရုပ်ဆောင်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရှင်းပြခဲ့တဲ့ နေမင်း”

သရုပ်ဆောင် နေမင်းနဲ့ပတ်သက်ပြီးတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပရိသတ်ဝေဖန်မှုလေးတွေအနည်းငယ်ရှိခဲ့ပါတယ်။ နှုတ်ခမ်းလှုပ်ရုံပဲစကားပြောပြီးသရုပ်ဆောင်တယ်ဆိုတဲ့ ဝေဖန်မှုမျိုးတွေကြုံတွေ့နေရတဲ့ နေမင်းကတော့

“ပရိသတ်တွေ ဝေဖန်ပြောဆိုတာကိုတော့ ဒီလိုဝေဖန်ပြောဆိုခြင်းဟာ အနုပညာရှင်တစ်ယောက်အတွက်မရှိမဖြစ်ပဲလေ ကိုယ်ကအကောင်းကြီးပဲဘယ်တော့မှမဖြစ်နိုင်ဖူးလေ အဆိုးဆိုတာလည်းရှိမှာပဲ အဲ့အဆိုးကိုလည်းထောက်ပြပေးတဲ့အတွက် ကိုယ်တို့ကပြုပြင်ခွင့်ရှိတယ်”


သူ့အနေနဲ့ကတော့ ပုံမှန်ပြောဆိုနေတာဖြစ်ပြီး အသံကြားခြင်း မကြားခြင်းမှာ (၂)ပိုင်းရှိတယ်လို့ဆိုပါတယ်

“ပြည်ထောင်စုသစ္စာဆိုရင်အကုန်လုံးကြားကြတယ် ကြားသင့်တဲ့ကားတွေမှာကြားရတယ် မကြားသင့်တဲ့ကားမှာမကြားရဘူး အသံမထွက်တာတွေသူတို့ဝေဖန်ပိုင်ခွင့်ရှိတယ်။အားမရတဲ့စိတ်နဲ့ပြောတာလေ။နောက်တခုနည်းပညာပိုင်းအားနည်းတာက အကိုတို့ကုမ္မဏီကရိုက်တဲ့ကားတွေ Wireless နဲ့တပ်တာတို့ အနီးအဝေးချိန်တာတို့ရှိတယ်အဲ့ဒါကလည်း ခုနကအကိုတို့ပြောသလိုပဲ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးလေးနဲ့အသံကိုတစ်လုံးချင်းပြောဖြစ်တယ်”

“အခုဒီပြောတဲ့ အသံကိုပဲ အကျယ်ပြပြီဆိုရင် မိုက်က အဝေးကြီးကနေဖမ်းမယ်ဆိုရင် မကြားနိုင်ဖူး။ ဆိုလိုတာက အဲ့ဒါမျိုးဆိုရင် ပြန်မသွင်းတဲ့အခါကျရင်မကြားရတော့ဘူး။ အကိုတို့အိမ်ကရိုက်တဲ့ဟာကျတော့အကိုက Wireless နဲ့တပ်ပြီးပြောတယ်။ ပြောတဲ့အခါကျတော့ အသံကြားရတယ် အဲ့သဘောတရားပဲ” လို့ရှင်းပြခဲ့ပါတယ်။

Photos-Nay Min Facebook

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *