တောကျီးကန်း (၂) ကို ပိုကြိုက်တယ် ဆိုတဲ့ မြင့်မြတ်

တောကျီးကန်း (၂) ကို ပိုကြိုက်တယ် ဆိုတဲ့ မြင့်မြတ်

မြင့်မြတ်၊ ခင်လှိုင် ၊ ထူးခြား ၊ မိုးဟေကို တို့ သရုပ်ဆောင်ထားတဲ့ တောကျီးကန်း – ခိုးဆိုးလုနှိုက် (၂) ကို ဇာတ်သဘောအရ ပိုပြီး ကြိုက်တယ်လို့ မြင့်မြတ် က MC သို့ပြောပါတယ်။

“ကျွန်တော်ကတော့ တောကျီးကန်း (၂) ကိုပိုကြိုက်တယ်။ ဇာတ်သဘောအရလည်း ကြိုက်တယ် ။ ရိုက်တဲ့ Location လေးတွေလည်း အရမ်းကောင်းတယ်။ အခုတော့ “မသိဘူး ချစ်တယ်” ဇာတ်ကားရိုက်နေတယ်။ ပိုင်ဖြိုးသု (သုသု)နဲ့ကတော့ လင်မယား ၊ ကလေးမရတော့ အိမ်ထောင်ရေး ကွဲကွာမယ်အထိဖြစ်တာပေါ့ ။ ဦးလေး၊ အဒေါ်တွေ ကပြန်ပြီးတော့ မကွဲအောင် ထိန်းပေးတဲ့ ဇာတ်လေးပါ ” – မြင့်မြတ်

မြင့်မြတ် နယ်ဘက်တွေမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရတာ ပိုကြိုက်တယ်လို့ ပြောပါတယ်။ နယ်တွေမှာ ရိုက်ရတဲ့ အတွက်ကြောင့် အန္တရာယ်များတဲ့အခြေအနေတွေမှာ လောကသားတွေ အချင်းချင်း ၀ိုင်းဝန်း ကူညီရိုင်းပင်းကြတာ စည်းလုံးမှုတစ်ခုပါလို့ ပြောပါတယ်။

[email protected]#MyanmarCelebrity #MyintMyat

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *