အမျိုးသမီးတစ်ဦးရဲ့ဘဝဖြတ်သန်းမှုကို ပုံဖော်သရုပ်ဆောင်မယ့်အကယ်ဒမီ ခိုင်သင်းကြည်”

အပျိုဖော်ဝင်စအရွယ်မှ (၄၀)ကျော်အရွယ်ထိ အမျိုးသမီး တစ်ဦးအကြောင်း ပုံဖော်မည့် ဒရာမာဦးစားပေးရုပ်ရှင်ဇာတ်ကားကို မန္တလေးမြို့တွင် သွားရောက်ရိုက် ကူးရန်အစီအစဉ်ရှိကြောင်း ခိုင် သင်းကြည်က ပြောသည်။

‘‘အပျိုအရွယ်ကနေ ဖြစ်ပျက် သွားတဲ့အဖြစ်အပျက်။ အဲဒီကနေ အိမ်ထောင်သည်ကလေးအမေ ဖြစ်မယ်။ ကိုယ့်သမီးကြီးသွားတဲ့ အခါ အသက်(၄၀)ကျော်အရွယ် အမေဖြစ်သွားမယ်။ အဲဒီအထိ ပေါ့’’ဟု ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ရိုက်ကူးမည့် ‘အမေမဖြစ် ခင် အပျိုတစ်ခေတ်မှာ’ ရုပ်ရှင်နှင့် ပတ်သက်၍ ပြောသည်။

ယင်းဇာတ်ကားကို အောင် သီရိထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်မည်ဖြစ်ကာ လူမင်း၊ ကျော်ရဲအောင်၊ သူရိယ၊ ခိုင်သင်းကြည်၊ မေသဉ္ဇာဦး၊ မယ်လိုဒီ၊ ခင် ဝင့်ဝါ၊ ဆုအိမ့်စံ စသည့်အနုပညာ ရှင်များပါဝင်၍ ဒါရိုက်တာညွန့် မြန်မာညီညီအောင်က ရိုက်ကူးပုံ ဖော်မည်ဖြစ်သည်။

‘‘မင်းသားဦးစားပေး၊ မင်းသ မီးဦးစားပေးရယ်လည်း မတွက်ပါ ဘူး။ ဇာတ်ကားတစ်ကားမှာ ဘယ် လိုပဲဖြစ်ဖြစ် ကိုယ့်တစ်ယောက် ချည်းပဲ ကောင်းလို့လည်း မရ ဘူး။ မင်းသားဦးစားပေးဇာတ်မှာ ပေါက်သွားရင် ပျော်တာပဲလေ။ ဒီနှစ်ထဲမှာတော့ မခိုင်ဇာတ်လေး တွေလည်း ရိုက်ခဲ့ပါတယ်။ ဥပမာ မင်းသားလေးလက်နဲ့ ကိုယ်တစ် ယောက်တည်းနဲ့ဇာတ်အစအဆုံး သွားတယ်။ အဘွားပိန်တို့လို ဟာ သကားမျိုးတွေတော့ ရိုက်ဖြစ် တယ်။ အခုကတော့ ဒရာမာဆို တော့ မခိုင်က ပိုပြီး ကြိုက်တာ ပေါ့’’ဟု အဆိုပါရုပ်ရှင်နှင့်ပတ် သက်၍ ခိုင်သင်းကြည်က ပြော သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ရန်အောင်၊ ကျော်ရဲအောင်၊ သူရိယ၊ စိုးမြတ် သူဇာတို့နှင့် ‘မော်ဒန်ချစ်တီး’ ဇာတ်ကားရိုက်ကူးနေကြောင်း ၎င်းက ပြောသည်။

source @ 7daydaily

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *