“ဝိတ်ကျသွားလို့ အဝတ်အစားအဝတ်ရတာ အဆင်ပြေလာတယ်” ဆိုတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းတစ်ယောက်ကတော့ ခန္ဓာကိုယ် ဝိတ်ကျလာလို့ အဝတ်အစားဝတ်ရတာ အဆင်ပြေလာတယ်လို့ ဆိုလာပါတယ်။

ပရိတ်သတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ သူမက ခုနောက်ဆုံးတော့ “သို့ ချစ်နေဆဲပဲ” သီချင်းခွေအသစ်ကို မိတ်ဆက် ထွက်ရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဘုဏ်းသိုက်နဲ့ သူမရဲ့အိမ်ထောင်ရေး အဆင်မပြေမှုများကြောင့် လူပြောများလာတဲ့ ချမ်းချမ်းတစ်ယောက် မဂ္ဂဇင်းတစ်ခုမှာ ကာဗာရိုက်ဖြစ်ခဲ့ပါတယ်။ အဝတ်အစားဝတ်ရတာ အဆင်ပြေလာတယ်လို့လည်း ပြောလာပါတယ်။

“ဝိတ်လဲကျသွားတော့ အဝတ်အစားလေးတေဝတ်ရတာအဆင်ပြေသွားတယ်” လို့ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မနေ့ (ဒီဇင်ဘာလ ၁၆ ရက်)က ရေးထားတာ ဖြစ်ပါတယ်။

Photos©Chan Chan

from ; pannpwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *