နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းပုံရိပ်လေးများ

သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ခင်ပွန်း ကိုတာတာမျိုးတို့ကတော့ မော်ဒိုက် ကမ်းခြေမှာ ဟန်းနီးမွန်းထွက်နေပါတယ်။ ဟန်းနီးမွန်းပုံရိပ်တွေကိုတော့ နန်းမြတ်က သူမရဲ့ fb မှာ တင်ထားပါတယ်။

စုံတွဲပုံလေးတွေအပြင် နန်းမြတ်ဖြိုးသင်းအတွက် သီးသန့်ကင်မရာမန်းဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက ရိုက်ပေးထားတဲ့ ပုံလေးတွေကိုလည်း တင်ထားပါတယ်။

ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နိုဝင်ဘာ(၁၈)ရက်နေ့မှာတော့ သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူလုပ်ခဲ့ပါတယ်။

စုလျားရစ်ပတ် မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ(၂၆)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့ ညက အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဟန်းနီးမွန်းခရီးစဉ်ကိုတော့ အခုမှ သွားတာဖြစ်ပါတယ်။

from နန်းမြတ်ဖြိုးသင်းရဲ့ fb

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *