ချစ်သူ သက်တမ်း(၄) နှစ်ပြည့်တော့မယ့် ပိုင်ဖြိုးသုတို့အတွဲ

သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးနေရပြီး ရုံတင်ခဲ့ပြီး ရုံတင်နေသော ရုပ်ရှင်ဇာတ်ကားများလည်း ရှိနေပါပြီ။ လက်ရှိရုံတင်နေပြီဖြစ်တဲ့ ဒါရိုက်တာဝိုင်းရိုက်ကူးထားတဲ့ 3Girls ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားသူလေးဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ထူးခြားတဲ့အချက်လေးကတော့ မျက်နှာသွယ်သွယ်လေးနဲ့ သူမပြုံးလိုက်ရင် ကြည့်တဲ့သူတွေရဲ့ရင်ထဲ အေးချမ်းသွားတာပဲဖြစ်ပါတယ်။ အချို့သူတွေကတော့ သူမရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာကို ဝေဖန်မှုတစ်ချို့ရှိခဲ့ပြီး သူမကတော့ ဘယ်လိုမှကိုသဘောမထားခဲ့ပါဘူး။

သူမရဲ့အချစ်ရေးကတော့ ဒါရိုက်တာ ဏကြီးနဲ့ ချစ်သူဖြစ်နေခဲ့တာ (၄) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တချို့ကတော့ သူတို့ချစ်တဲ့အနုပညာရှင်လေးကို နှမြောတတ်တာ သဘာဝပါပဲနော်။ ဒါပေမယ့် သုသုလေးပျော်နေရင် သူမရဲ့ပရိသတ်တွေလည်း ပျော်ကြမှာပါ။

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *