‘သူ့ကိုမှမရရင်သေမှာ’ ဆိုပြီးဖြစ်ခဲ့ဖူးတဲ့ ရွှေထူး

‘သူ့ကိုမှမရရင်သေမှာ’ ဆိုပြီးဖြစ်ခဲ့ဖူးတဲ့ ရွှေထူး

အဆိုတော် ရွှေထူးကတော့ ပရိသတ်တွေလက်ခံအားပေးထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ပက်ပက်စက်စက်ညို့ဟာလည်း အောင်မြင်မှုတစ်ခုရခဲ့ပါတယ်

ပက်ပက်စက်စက်ညို့ရုပ်ရှင်ဇာတ်ကားမှာ ရာဇဖွား Character ကောင်းတယ်ဆိုတာထက်ကို မဆိုးဘူးလို့ ပြောကြတဲ့အတွက် သူ့အနေနဲ့လည်းပရိသတ်ကို ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုပါတယ်။ သူကတော့ဆက်လက်ပြီး ရုပ်ရှင်ကားကြီးတွေ ထပ်ရိုက်ကူးဖို့ရှိသေးတာကြောင့်မို့ ဒီထက်ပိုပြီးကောင်းအောင်ကြိုးစားသွားမှာပါတဲ့။

“ရုပ်ရှင်တွေထဲမှာ ဗီလိန်ကာရိုက်တာကို ပိုကြိုက်တယ် မြင်ဖူးနေကျ ကာရိုက်တာမျိုးမဟုတ်တာတွေရိုက်ဖူးလည်းစဉ်းစားထားတယ် ရုပ်ကမင်းသားရုပ်မဟုတ်တော့ ဇာတ်ကနည်းနည်းရွေးရတယ် တက်တူးတွေနဲ့ ဆိုတော့”

“သီချင်းကတော့ ၂ လပိုင်းလောက်မှာထွက်ဖြစ်အောင်ကြိုးစားနေတယ် 3 ပုဒ် 4 ပုဒ်လောက်ပဲကျန်တော့တယ် ဒုတိယခွေလည်းမကြာခင်ထွက်လာတော့မှာပါ”

“အချစ်ရေးနဲ့ပတ်သက်ပြီး ပြောရရင် အရင်တုန်းက First Love ပေါ့နော် ကိုယ်အရင်ဆုံးစပြီးတော့ ကလေးပေါ့ ရူးရူးမူးမူး သိပ်တွေချစ်ပြတာ ချစ်တတ်တဲ့အချိန်ပေါ့ ချစ်တာအသေ ချစ်တာတခုပဲသိတယ်ပေါ့ အဲ့အချိန်တုန်းကတော့ သိတဲ့အတိုင်းပဲ သူ့ကိုမှမရရင် ပက်ပက်စက်စက်ညို့ထဲကလို သူ့ကိုမှမရရင် သေမှာ အဲ့လိုအကွက်ကိုဖြစ်တာ အဲ့တုန်းကတော့ ဒါပေမယ့် နောက်ပိုင်းကျတော့ ဘာသိလာလဲဆို ကိုယ်အရွယ်ရောက်လာတဲ့အချိန်မှာ အဲ့ဒါကြီးက အရမ်းရယ်ရတဲ့ ဟာသကြီးတစ်ခုလို ဖြစ်နေတယ် အချစ်ဆိုတာ ဘဝမှာအရေးမပါဘူးလို့ မဟုတ်ပါဘူး အရေးတော့ပါပါတယ် ဒါပေမယ့် အချစ်ဆိုတာ ဘဝလောက်အရေးမပါပါဘူး အခု အချစ်ရေးကလည်းအဆင်ပြေပါတယ် အားလုံး Fine ပါတယ်” လို့ Sunday Journal ရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

Photos-Shwe Htoo Facebook

WeLoveCele

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *