သမီးငယ်လေး လ၀န်းမေ အတွက် တစ်နှစ်ပြည့် မွေးနေ့အလှူအဖြစ် အကယ်ဒမီရွှေကြယ်ပွင့်ကို ဌာပနာထဲထည့်သွင်းဖို့လှူဒါန်းခဲ့တဲ့ သက်မွန်မြင့်

သမီးငယ်လေး လ၀န်းမေ အတွက် တစ်နှစ်ပြည့် မွေးနေ့အလှူအဖြစ် အကယ်ဒမီရွှေကြယ်ပွင့်ကို ဌာပနာထဲထည့်သွင်းဖို့လှူဒါန်းခဲ့တဲ့ သက်မွန်မြင့်

သက်မွန်မြင့်တို့ဇနီးမောင်နှံက သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ မင်္ဂလာအတွက် အောင်ဇဗ္ဗူတောရကျောင်းတိုက်တွင် ဘုရားတည်၊ ဌာပနာတည် စတဲ့ကုသိုလ်ထူးတို့ကို ပြုလုပ်​ခဲ့ပြီး ဘုရားဌာပနာတည် ရေစက်ချအလှူကိုလည်း အဆိုပါကျောင်းတိုက်မှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ် ။

“ကိုစစ်နိုင် နဲ့ သရုပ်ဆောင် သက်မွန်မြင့်တို့က သမီးလေး လဝန်းမေ ရဲ့ တနှစ်ပြည့်မွေးနေ့အလှူအဖြစ် အောင်ဇဗ္ဗူတောရကျောင်းတိုက်တွင် ဘုရားတည်၊ ဌာပနာတည် စတဲ့ကုသိုလ်ထူးတို့ကို ပြုလုပ်​လှူဒါန်းခဲ့ပြီး
ဘုရားဌာပနာတည် ရေစက်ချအလှူကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မှော်ဘီမြို့ အောင်ဇဗ္ဗူတောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပါတယ်။ သက်မွန်မြင့်က ဘုရားဌာပနာတည်ဖို့အတွက် အကယ်ဒမီရွှေကြယ် နဲ့ လက်ဝတ်ရတနာများ ကို လှူဒါန်းခဲ့ပါတယ်။’ ဆိုပြီး ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြထားပါတယ်။

သက်မွန်မြင့်က သူမရဲ့ ကြိုးစားမှုအတွက် အသိအမှတ် အကယ်ဒမီရွှေကြယ် နဲ့ လက်ဝတ်ရတနာများ ကိုလည်း ဘုရားဌာပနာ ထဲ ထည့်သွင်းဖို့ လှုဒါန်းခဲ့ပါတယ်တဲ့။

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *