ရှုတင်မှာ အိပ်ရလို့ ပင်ပန်းသွားတဲ့ မင်းသမီးလေးနှစ်ယောက်

ရှုတင်မှာ အိပ်ရလို့ ပင်ပန်းသွားတဲ့ မင်းသမီးလေးနှစ်ယောက်

ချစ်သုဝေကတော့ သူမရဲ့ fb မှာ မိသားစုဓါတ်ပုံအသစ်လေးတွေ တင်ထားပါတယ်။ မြင်ရသူတိုင်းကို အပျော်တွေ ကူးစက်သွားစေတဲ့ ပုံလေးတွေပါ။ ပုံရဲ့အောက်မှာတော့ အရမ်းကိုချစ်စရာကောင်းတဲ့ မိသားစုလေးဆိုပြီး ရေးထားတဲ့ comment တွေကို တွေ့ရပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးချောလေး ခေတ်လေးနဲ့ သစ်လေးကလည်း တစ်နေ့တခြား ပိုပိုချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။ ခေတ်လေးနဲ့ သစ်လေးကတော့ ငယ်ငယ်လေးတည်းက မေမေချစ်သုဝေနဲ့လိုက်ပြီး ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေ ရိုက်နေရပါပြီ။

အခုတစ်ခါမှာတော့ ဖေဖေ၊ မေမေတို့နဲ့အတူ မိသားစုဓါတ်ပုံလေး ရိုက်ကူးခဲ့ကြပါတယ်။ ခရစ်စမတ်သစ်ပင်လေးနဲ့ အတူ ရိုက်ခဲ့တာပါ။ ချစ်သုဝေကတော့ မိသားစုဓါတ်ပုံလေးတွေအပြင် သမီးလေးနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ထားပါတယ်။

“ရှုတင်မှာ အိပ်ရတာ ပင်ပမ်းတွားတဲ့မင်းတမီး၂ယောက်…” ဆိုတဲ့ စာသားနဲ့အတူ တင်ထားပါတယ်။

from ချစ်သုဝေရဲ့ fb

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *