မြို့ ကြီးသားစစ်စစ်

ရွာကနေ ရန်ကုန်မြို့ တက်လာစ ဖာတောင်းနဲ့ ဖျာလိပ်လေး ပိုက်လို့ ဖြင့်
ကားဂိတ် အရောက်ဒီမှာ ဖာခဏ ချချင်လို့”

“ဟေ့လူ ဘာစကား ပြောတာလဲ
ဒါ ကားဂိတ်”

“ကျုပ်ဖာက အသစ် ပါဗျ ခင်ဗျား နေရာ မညစ်ပတ် စေရဘူး”

“ဘယ်လို လူလဲ ကွာ ညစ်ညစ် ပတ်ပတ် တွေ”

“ညစ်ပတ်တယ် ထင်ယင် ဖျာခင်းပြီး ချမယ် ဗျာ”

“ဟာဗျာ ဘယ်လိုလူလဲ ပြောလို့ မရပါလား”

“မြို့ကြီးသားတွေ ဆက်ဆံရေး ကျဲတာပဲ”
ဟု ရေရွတ်ရင်း လိုင်းကားပေါ် တက်တော့

“ကားခလေး ကမ်းမယ် ဗျာ”

“ဘယ်လောက်လဲ ဗျ”
.
“(၂၀၀) ပါ ကြီး”

“လူဗျ မျောက် မဟုတ်ဘူး”

“ဟုတ်ပါပြီ ဘဒို ရယ်”

“အရပ် ပု တာနဲ့ ဘတို လို့ ခေါ်စရာလား ကွ” ဒေါသ သံဖြင့်

“(၁၀၀) ထားကွာ”

ဘဘုန်းကြီး မှာလိုက်သည့် အတိုင်း
ဈေးဆစ် လိုက်တော့

“အလကား စီးသွား ပါဗျာ” စပယ်ယာ ရွဲ့သံ ကို အဟုတ် မှတ်ပြီး

“ဒီလိုမှန်း သိ တစ်မျိုးလုံး ခေါ်လာ ပါတယ် ဗျ”

လိုင်းကား ပေါ် ရှိ လူအားလုံး ကတော့
တစ်ခွီးခွီးနဲ့

သူကတော့ သူ့ ရယ်နေမှန်း မသိပဲ
ခပ်တည်တည် ပင်

ချာတိတ် တစ်ယောက် က လက်တို့ပြီး

“ဘဲကြီး ထိုင်ခုံ လွတ်နေတယ် ထိုင် ချင်ထိုင်”

“ကျေးဇူးပါ ဗျ”

ထိုင်ရင်း ဒေါသ တော့ ဖြစ်သား

မြို့ကြီးသား တွေက တိရစ္ဆာန် နံမည် တပ် ခေါ်တာ ယဉ်ကျေးမှု ထင်တယ်

ငါလည်း တောသား ပေမဲ့ မ အ ကြောင်း သက်သေ ပြရ မယ် ဆိုပြီး

ဘေးက လူကောင် ထွားထွားနဲ့ လူကြီး ကို လက်တို့ကာ

“နွားကြီး ရှေ့မှတ်တိုင်က ဘာလည်းဗျ”

“မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တယ်”

“ဟဲ ဟဲ နွားကြီး လေ နွားကြီး သဘောကျ နေတယ် မဟုတ်လား”

“အေး ငါ့ဟာငါ ကလေး နှစ်ယောက် အမေကို ယူတာ မင်း အပူ လား” ဆိုပြီး

“ခွပ် ခွပ်”
ထိုးတယ် ကွာ

“အဟင့် ဟင့် မြို့ကြီးသား တွေ မတရားဘူးဗျ ကျုပ်ကျ ခေါ်ချင်တိုင်း ခေါ်ပြီး သူတို့ ပြန်ခေါ်တော့ ထိုးတယ် ဗျ”

😁😁😁
Credit _ ခန့်မင်းညို

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *