အချိန်တန်တော့ မျှော်လင့်ခဲ့သမျှကို လက်လျော့ လိုက်ပါပြီ ဆိုတဲ့ ချမ်းချမ်း

အချိန်တန်တော့ မျှော်လင့်ခဲ့သမျှကို လက်လျော့ လိုက်ပါပြီ ဆိုတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ လူသိရှင်ကြား ပြတ်စဲနေတဲ့ သူမနဲ့ ဘုဏ်းသိုက်တို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပေါင်းဖို့ကို စိတ်လျှော့လိုက်ပါပြီလို့ ပြောလာပါတယ်။

အချစ်သက်တမ်း ၁ဝ နှစ်ခန့်ရှိခဲ့ပြီး၊ သမီးလေးတစ်ယောက်ရခဲ့ပြီမှ ခုတော့ ဘယ်လိုမှ ယုံကြည်မှုကို ပြန်လည်တည်ဆောက်လို့ မရတော့တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

စိတ်လျှော့လိုက်ပြီဖြစ်ကြောင်းကို သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မနေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညက ရေးသားလိုက်တာ ဖြစ်ပါတယ်။

“ဒီနေ့အထိပါပဲ။ အချိန်တန်ပီထင်ပါတယ် ကျမ စိတ်ကိုလျော့ချလိုက်ပီ အ
ရာအားလုးံဟာ ဘာမှမမြဲပါဘူး မမြဲတာတေကြောင့်လုးံပန်းခဲ့ရတဲ့အချိန်တေ အခု ကျမဆက်လျှောက်သွားတော့မယ် တနေ့တချိန်မှာတော့ အနောက်ကိုလှည့်ကြည့်ပီးကျမပြုးံနိုင်မှာပါ”

.“ဒီဘဝ ဒီမျှသာပါပဲကွယ် အခုထိတော့ ကောက်ရိုးလေးတမျှင်လောက်တော့စိတ်ထဲ ချည်ထားမိတုန်းပဲ။ မမေ့ပါဘူး ကျမကြုံခဲ့ ဆုံခဲ့ဲသမျှတေ ကျမ အသက်ရှိနေသ၍ ဒီတသက်ဘယ်တော့မှ ဖော်ပြတော့မှာမဟုတ်တော့တဲ့ ခံစားချက်တေ ဒီညမှာ အဆုးံသတ်ပီ။”

လို့ ရေးသားထားတာ ဖြစ်ပါတယ်။Photos©Chan Chan

CHAN CHAN
SHARE THIS

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *