ကံဆိုး လွန်းလို့ ကံကြမ္မာ ကိုပဲ အပြစ်ဖွဲ့ရတော့မယ်…

ကံကြမ္မာ ကိုပဲ ရိုးမယ် ဖွဲ့ရလေ မလား ကံဆိုး လိုက်တာ ကလေးလေး ရယ်

ရွှေဝါ(၂)ရပ်ကွက်၊မြို့လှ ကျောက်တောင်အခြမ်းမှာ နေတဲ့ သားလေး မောင်စွမ်းထက်အောင် အသက် (၂)နှစ် မိဘတွေ စပါးရိတ်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ အဖွားဖြစ်သူနဲ့ တမနက်လုံးဆော့ကစားနေရင်း ပျော်လို့ပေါ့

မနက်စာထမင်းစားချိန်ရောက်တော့ မြေးဖြစ်သူ စားဖို့ အဖွားဖြစ်သူက မီးဖိုချောင်ထဲ စားဖို့ပြင်ဆင် အဆင်သင့်ဖြစ်တော့ မြေးဖြစ်သူကို မတွေ့တာနဲ့ အိမ်ပတ်ဝန်းကျင်ရှာ မတွေ

နောက်ဆုံး ရေတွင်းနား ကြည့်မိတော့မှ ကလေးငယ်ရဲ့ ဖိနပ်လေးတာ တွေ့တော့တာမို့ ပတ်ဝန်းကျင်အကူအညီတောင်းပြီး ရေတွင်းထဲဆင်းကြည့်ခိုင်းမှ လမ်းလျှောက်တတ်စအရွယ် သားငယ်လေးဟာ အမြင့်တစ်ပေခန့်တာ ကာရံထားတဲ့ ရေးတွင်းနားဆော့ကစားရင်း ရေတွင်းထဲမတော်တဆပြုတ်ကျသေဆုံးနေကြောင်းတွေ့လိုက်ရတဲ့အဖြစ်

သေခြင်းတရားဆိုတာ အယုတ်အလှ အမြတ် ကြီးငယ်မရွေး မျက်စိတမှိတ်အတွင်းမှာ ကြုံတွေ့နိုင်ပေမယ့် ကလေးရေ မိဘအုပ်ထိန်းသူတွေ ပေါ့ဆလို့ မဆိုနိုင် ကံကြမ္မာ လို့ပဲ ရိုးမယ်ဖွဲ့ရတော့မယ်ကွာ ရောက်ရာဘဝတိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ကလေးရယ်

Ko Ko Pwar

Photo Kozaw Gyi Namti

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *